နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး/ နေပြည်တော် / January 24, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ


       နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၁-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဦးအောင်ပိုင်၊ ညွှန်ကြားရေးမှူးနှင့် ဒေါ်အိအိစိုးလက်ထောက်ညွှန်ကြားရေးမှူးက “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ တင်သွင်းလွှာအမှတ် (၁/၂၀၁၅)အား လေ့လာတင်ပြခြင်း  သုတေသန စာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြား         ဆွေးနွေးခြင်းနှင့် စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးစောစံလင်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

       အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အရာထမ်း/အမှုထမ်းများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ သုတေသနအရာရှိများ တက်ရောက်ခဲ့ပါသည်။