နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး/ နေပြည်တော် / June 04, 2026
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ


     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီရုံး၊ အစည်းအဝေးခန်းမ၌ ၂၉-၅-၂၀၂၆ ရက်နေ့၊ ၁၀:ဝ၀ နာရီတွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဦးအောင်ပိုင်၊ ညွှန်ကြားရေးမှူးနှင့် ဒေါ်မေဇာအောင်၊ ဦးစီးအရာရှိ တို့က “အာမေးနီးယားနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းလေ့လာတင်ပြခြင်းသုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းနှင့် စာတမ်း ကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့ပါသည်။

     အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမျူးချုပ် နှင့် အရာထမ်း၊ အမှုူထမ်းများ   တက်ရောက်ခဲ့ပါသည်။