နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဌာနမူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများအတွက် “မူကြိုဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း” ဖွင့်လှစ်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဌာနမူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများအတွက် “မူကြိုဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း” ဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 25, 2022
image_latest


နေပြည်တော် ဇွန် ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယနေ့ကျင်းပသော “မူကြိုဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း” သို့ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းသို့ နေပြည်တော်ကောင်စီအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း (၉)ကျောင်းမှ ဆရာမ(၆၀) က In person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မူလတန်းကြိုကျောင်း (၁၅၆)ကျောင်းမှ ဆရာမ(၇၉၉)ဦးက On Line ဖြင့်လည်းကောင်း၊ စုစုပေါင်းသင်တန်းသား (၈၅၉)ဦး တက်ရောက်သည်။

သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အနှစ်သာရ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ်(လုပ်ငန်း)က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော (ECCD)လုပ်ငန်းများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)က ကျန်းမာရေးနှင့် အာဟာရအရေးကြီးပုံ၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများက စိတ်-လှုမှုပိုင်းဆိုင်ရာ ကူညီပံ့ပိုးခြင်း၊ တွယ်တာမှုဆိုင်ရာ အခြေခံသဘောတရားနှင့် မူကြိုဆရာမနှင့် ကလေးဆက်ဆံရေးများ ပိုမိုကောင်းမွန်စေရန် ပံ့ပိုးပေးခြင်း စသည့် ဘာသာရပ်များကို ပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,