နေပြည်တော်၌ နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံ- ၂၀၂၅ ကျင်းပမည်
နေပြည်တော်၌ နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံ- ၂၀၂၅ ကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 02, 2025

နေပြည်တော် ဇူလိုင် ၁
မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့်ဂေဟစနစ်ကို အားကောင်းစေရန် ဦးတည်ချက်ဖြင့် နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ- ၂၀၂၅ ကို ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ Jasmine Naypyitaw Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမူပိုင်ခွင့်ညီလာခံတွင် ပြည်တွင်း ပြည်ပမှ Keynote Speakers များနှင့် စာတမ်းရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ၊ သုတေသနပညာရှင်များ၊ ဥပဒေအကျိုးဆောင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ခန့်ဖိတ်ကြား၍ စာတမ်းစုစုပေါင်း ၅၀ ခန့် ဖတ်ကြားသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်