ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း
ပင်စင်ဦးစီးဌာန နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2026
နေပြည်တော် ဇန်နဝါရီ ၉
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပင်စင်ဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများသည် နေပြည်တော်ရှိ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်၁၀၀၀) ၌ ယမန်နေ့က စုပေါင်းသွေးလှူဒါန်းသည်။
ထိုသို့ သွေးလှူဒါန်းမှုကိုပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲညွန့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆေးရုံတာဝန်ရှိသူများက သွေးလှူဒါန်းခဲ့ကြသည့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
