ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ Nay Pyi Taw / March 14, 2025
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက် ည ၆ နာရီ ၅၀ မိနစ်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇ မိုင် ၂ ဖာလုံအနီး၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ အုတ်ဖိုမြို့နယ်၊ သစ်တောဝန်းရပ်ကွက်နေ ညီညီ(၂၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၁၃ ဦး လိုက်ပါလာသော YGN-3 4M/XXXX Golden Dragon အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေး မြေသားလမ်းပေါ်သို့ တိမ်းမှောက်ခဲ့၍ ယာဉ်မောင်း ညီညီနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦးနှင့် ကလေးငယ် တစ်ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညီညီအား ဖြူးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိ သည်။