ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 19, 2025
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ မှိုင်းဆွေ မောင်းနှင်လာသော MDY-17/9F-XXXX ISUZU ခြောက်ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း။

     ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား မန္တလေးမြို့မှ ဘားအံမြို့သို့ သယ်ဆောင်ခိုင်းသူ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိ မော်တော်ယာဉ်အား မန္တလေးမြို့၊ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူမှာ ပြင်ဦးလွင် မြို့နေ အောင်မျိုးဝင်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,