ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီး အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီး အရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 24, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအနီး ဒေသအခေါ် သရက်သုံးမျိုးကုန်းတောထဲ၌ ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဝင်းဇော်ဦး(ခ)ကုလားလေး(၄၇)နှစ်ပါ အမျိုးသား ကိုးဦးတို့အား တိုက်ကြက်ဖ လေးကောင်၊ လောင်းကြေးငွေ ၁,၄၃၀,၀၀၀ ကျပ်၊ ကြက်တိုက် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဇော်ဦး(ခ) ကုလားလေးပါ ကိုးဦးအား အင်းတကော်နယ်မြေရဲစခန်း (ပ)၈၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,