ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 01, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၉ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ် ၂ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ခါးရှည်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျိုက်ထိုမြို့မှ ဝေါမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၆/၁)ရပ်ကွက်နေ ဦးစည်သူစိုး(၄၉)နှစ် မောင်းနှင်ပြီး အစ်မဖြစ်သူ ဒေါ်ခင်သီတာစိုး(၅၄)နှစ်နှင့် သမီးဖြစ်သူ မနန်းကြည်စင်စင်ဖူး(၁၉)နှစ်တို့ လိုက်ပါလာသော YGN-13/ EE-XXXX COROLLA FIELDER မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် လားရာတူရှေ့မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးကျေးရွာနေ ကိုလင်းထွန်း(၂၉)နှစ် မောင်းနှင်သော YGN-17/ 9B-XXXX NISSAN DIESEL မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးစည်သူစိုး၊ ဒေါ်ခင်သီတာစိုးနှင့် မနန်းကြည်စင်စင်ဖူးတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် စည်သူစိုး အား ညောင်ခါးရှည်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
