ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၃ အနီးတွင် သစ်ပင် လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၃ အနီးတွင် သစ်ပင် လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026

     ၂၀၂၆ ခုနှစ်၊ ဇွန် ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် သရက်ပင်ဆိပ်ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၃ အနီးတွင် လုံးပတ် လေးပေခန့်၊ အမြင့် ၂၅ ပေခန့်ရှိ ကျွန်းပင်လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။