ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​ပဲခူးတိုင်းဒေသကြီး / February 23, 2020
image_latest


ကျောက်ကြီး ဖေဖော်ဝါရီ   ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကျောက်ကြီးမြို့နယ် မဲပုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာ၌ ယနေ့နံနက်၁၀နာရီက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပဲခူးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက​ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမင်းသိန်းက လယ်ယာမြေဥပဒေ ဆိုင်ရာများ၊ အခြားနည်းသုံးစွဲခွင့်ဆိုင်ရာများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းက လွှတ်တော်ဆိုင် ရာ ကိစ္စများနှင့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မဲပုတ်ကျေးရွာအုပ်စုအတွင်းရှိ မဲပုတ်၊ ကျွန်းပင်ဆိပ်၊ တပ်ကုန်းကျေးရွာများမှ ဒေသခံပြည်သူများ က သိလိုသည်များကို မေးမြန်းတင်ပြကြရာ ဝန်ကြီးချူပ်မှ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရ သည်။                                                                                                                    

K ခိုင်ပြန်/ဆက်

HOT NEWS
January 4,