ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧပြီလ ၂၃ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံပူစားကျေးရွာ၊ ကွင်းယားကြီးကျေးရွာ၊ တရုတ်မှော်ကျေးရွာနှင့် မဲမဲကျေးရွာတို့ရှိ နေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၆၁ လုံး အမိုးလန်ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပြည်တပ်နယ်မှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,