ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
နေပြည်တော် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဧပြီ ၂၃ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံပူစားကျေးရွာ၊ ကွင်းယားကြီးကျေးရွာ၊ တရုတ်မှော်ကျေးရွာနှင့် မဲမဲကျေးရွာတို့ရှိ နေအိမ်သုံးလုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၆၁ လုံး အမိုးလန်ပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပြည်တပ်နယ်မှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်