ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရူအားပေးခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရူအားပေးခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 04, 2025


ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် နံနက်ပိုင်းက နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးခဲ့ သည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း (၃၆) ဦးတို့က သွေးလှူဒါန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြ ပြီး ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်၊ ရေသန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင်က ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလာ ရောက်လှူဒါန်းကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း (၃၆) ဦးအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။