ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 15, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်အတွင်း ငါးသယံဇာတများ တိုးပွားစေရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီတွင် ကျင်းပခဲ့သည်။
ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လျှိုပိတ်ဆည်အတွင်းသို့ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ကာ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သောင်းကို မျိုးစိုက်ထည့်ပေးခဲ့သည်။