ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 17, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့၌ နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနေ ဒေါ်တင်မာရီ(၅၁)နှစ်၏ နေအိမ်၌ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အောက်ထပ် မီးဖိုချောင်ရှေ့တွင် သုံးလုံးထီလောင်ကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်တင်မာရီ အား ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ)၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံရွာမကျေးရွာနေ ဒေါ်သန္တာဝင်း(၅၃)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်တွင် နှစ်လုံးထီ လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်သန္တာဝင်း အား ဥက္ကံနယ်မြေရဲစခန်း (ပ)၅/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်နေ ဒေါ်နန္ဒာစိုး(၄၃)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဧည့်ခန်းတွင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်နန္ဒာစိုး အား သထုံမြို့မရဲစခန်း (ပ)၁၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉ (က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
