ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာ၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာ၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 14, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာ၌ လုံးပတ် ၁ ပေခွဲ၊ အမြင့် ၂၀ ပေခန့်ရှိ မဲဇလီပင်သည် အမြစ်မခိုင်၍ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၉ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်း ရရှိပါသည်။