ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပမည်

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 13, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို မူလက ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိသာ ကျင်းပမည်ဖြစ်သော်လည်း ကြည့်ရှုသူပရိသတ် များပြားခြင်းနှင့် ရက်တိုးမြှင့်ပြသရန် တောင်းဆိုမှုများ ရှိလာသဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက် တိုး၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,