ပြည်ထောင်စုရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုး မြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရ ဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ ဥက္ကဋ္ဌ ရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များတက် ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုရာထူး ဝန်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် အဓိကတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်သင်ကြားရေး၊ စည်းမျဉ်းစည်းကမ်းများ၊ တည့်မတ်ရေးကဏ္ဍများတွင် နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ကိုတာဝန်ခံဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လေ့ကျင့်သင်ကြားရေးအတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် နိုင်ငံ့ဝန်ထမ်းအားလုံးအဆင့်အလိုက်၊ ကဏ္ဍအလိုက် လုပ်ငန်းများကို မှန်မှန်ကန်ကန်လုပ် ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေး ပြုနိုင်ရေးရည်ရွယ်ပြီး လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ရာထူးဝန်အဖွဲ့၏ ရွေးချယ်ရေးနှင့် ရာထူးတိုးမြှင့်ရေး လုပ်ငန်းစဉ်များသည်လည်း နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ခိုင်မာအားကောင်းလာစေရေး၊ အစိုးရ၏မူဝါဒများအား အကောင်အထည်ဖော်ရာတွင် ရုံးလုပ်ငန်းများတွင် ခါးဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အားနည်းချက်၊ အားသာချက်များကို ဦးတည်၍ သုံးသပ်ဆွေးနွေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအကောင်အထည်ဖော်နိုင်မှု၊ လက်ရှိ ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာနှစ်လုပ်ငန်းများကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,