ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 15, 2023
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Strand Hotels International Co.,Ltd.တို့ ဖက်စပ်ဆောင်ရွက်နေသော ဟိုတယ်များဖြစ်သည့် ဒဂုံမြို့နယ်ရှိ Hotel G ၊ မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya lake Hotel) များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် Hotel G သို့ ရောက်ရှိ စဉ် Myanmar Hotel International Co.,Ltd. Managing Director Mr. Sukhdeep Singh နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများစုလာရောက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြစေရေးကို ကြိုးစားမြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ Hotel G ၏ တည်နေရာကောင်းမွန်မှုနှင့် ထူးခြားသော ဝန်ဆောင်မှုများဖြင့် ပေါင်းစပ်မြှင့်တင် ဆောင်ရွက်ပါက ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်ပြီး ဟိုတယ်ပုံရိပ် ကောင်းမွန်လာကာ ဝင်ငွေလည်း တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် (Inya Lake Hotel) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

HOT NEWS
January 4,