ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2026
နေပြည်တော် မေ ၂၄
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာရှိ ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်း၏ ဝဥမှ အချိုရည်၊ ဝဥဂျယ်လီ၊ ဝဥခေါက်ဆွဲခြောက်များ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် (GMP) လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပညာရှင်များနှင့် MSME လုပ်ငန်းရှင်များကို ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် (၃၀) တွင် ဖွင့်လှစ်လျက်ရှိသည့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု၊ ဥတ္တရသီရိမြို့နယ်ရှိ Mr. Bamboo အဆင့်မြင့် တစ်ခါသုံး ဝါးတူစက်ရုံ၌ ဝါးတူများ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
