ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆက်လက်ကျင်းပ

ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024
image_latest


ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို ဧပြီ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ၊ ရဟန်းရှင်လူအများပြည်သူများက လာရောက်တရားနာယူခဲ့ကြသည်။

အဆိုပါပြည်သူ့ရင်ပြင်မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင် နှစ်ဆန်းနှစ်ရက်နေ့တွင် မဇ္ဈိမဂုဏ်ရည် သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန နာယက မဟာစည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒက တရားရေအေး အမြိုက်ဆေးတိုက်ကျွေးဟောကြားခဲ့သည်။

နှစ်ဆန်းနှစ်ရက်နေ့ မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်တွင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ရဟန်းရှင်လူ ပြည်သူများက မဇ္ဈိမဂုဏ်ရည်သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာနနာယက မဟာစည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒအတွက် ဓမ္မပူဇာလှူဒါန်းငွေစုစုပေါင်းမှာ ၁၀၁၇ သိန်းကျပ်နှင့်ထိုင်းဘတ်‌ငွေ ၁၀၀ တို့ဖြစ်ကြောင်းသိရသည်။

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို နှစ်ဆန်း တစ်ရက်နေ့မှ နှစ်ဆန်းသုံးရက်နေ့အထိ နေ့စဉ် ည (၇) နာရီအချိန်တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်မျာကို တရားရေအေး အမြိုက်ဆေးတိုက်ကျွေးဟောကြားသွားမည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများမှ တရားနာကြွရောက်နိုင်ပါကြောင်းနှင့် ဓမ္မပူဇာဒါနကုသိုလ် ပြုလိုသူများအနေဖြင့် ဖော်ပြပါ KBZ Pay ဖြင့် QR Code အား Scan ဖတ်၍ပါဝင်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)

HOT NEWS
January 4,