ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ
ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ နေပြည်တော်သို့ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 12, 2025

နေပြည်တော် ဧပြီ ၁၂
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိလျက်ရှိကြသည်။
ဖိလစ်ပိုင်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၆၃၆၃ ကီလိုဂရမ်သည် ယနေ့နံနက် ၁၀ နာရီ ၃၉ မိနစ်တွင်လည်းကောင်း၊ ထို့နောက် လာအိုနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သော ပစ္စည်း၊ ဆန်နှင့်ရေ ၄၀၈၁ ကီလိုဂရမ်သည် ယနေ့နံနက် ၁၁ နာရီ ၁၇ မိနစ်တွင်လည်းကောင်း၊ လာအိုနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ဆန်နှင့်ရေ ၄၀၂၈ ကီလိုဂရမ်သည် ယနေ့နံနက် ၁၁ နာရီ ၂၁ မိနစ်တွင်လည်းကောင်း နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အသီးသီးရောက်ရှိကြသည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံနှင့်လာအိုနိုင်ငံတို့မှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူခဲ့ကြကြောင်း သိရသည်။