မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကံကြီးရပ်ကွက်၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်း၌ သစ်ပင်လဲကျမှု

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကံကြီးရပ်ကွက်၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်း၌ သစ်ပင်လဲကျမှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 02, 2024


     ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကံကြီးရပ်ကွက်၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်းတွင် အမြင့် ၄၅ ပေ၊ လုံးပတ် ၁၅ ပေခန့်ရှိ တမာပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မကွေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ  ၃ နာရီ ၂၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိပါကြောင်း သတင်းရရှိပါသည်။