မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်မှု
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 03, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ လုံးပတ် ၂ ပေခွဲ၊ အမြင့် ၃၅ ပေခန့်ရှိ စိန်ပန်းပင်သည် အမြစ်ခြေမှ ဆွေးမြေ့လဲကျပြီး နေအိမ်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။