မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇရပ်လှကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ၌ နေအိမ် မီးလောင်မှု
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇရပ်လှကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ၌ နေအိမ် မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 03, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇရပ်လှကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ၌ ပိုင်ရှင် ဦးကြည်သာထွေး၏ ၁၄ x ၁၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး အောက်ခံပြား မီးလောင်ကျွမ်းရာမှတစ်ဆင့် အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၄ x ၁၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကြည်သာထွေးအား စလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
