မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် သိန်း ၄,၇၈၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် သိန်း ၄,၇၈၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2025
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၆ လမ်းထောင့်၌ ပုသိမ်ကြီး မြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်နေ ရဲပြည့်စုံအောင်(၂၇)နှစ် မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ CL-1 Star City အိမ်ရာနေ ရဲမင်းအောင်(၃၄)နှစ် လိုက်ပါလာသော YGN-36/2L-XXXX TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၀ ဒသမ ၀၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄ သိန်း)နှင့် HAPPY WATER ၃ ဒသမ ၉၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄,၇၇၆ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ရဲပြည့်စုံအောင်နှင့် ရဲမင်းအောင်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,