မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ်နှင့် ခရီးသည်တင်မော်တော်ယာဉ်တို့ တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ်နှင့် ခရီးသည်တင်မော်တော်ယာဉ်တို့ တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 20, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ဆိုင်ကယ်နှင့် ခရီးသည်တင်မော်တော်ယာဉ်တို့ တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၁၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၈၈ မိုင် ၆ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပျော်ဘွယ်မြို့နယ်၊ သပြေပင်ကျေးရွာနေ ဒေါ်လှပု(၄၀)နှစ်သည် ၆၇ ယ-XXXX DAYANG 110 ဆိုင်ကယ်အား ပျော်ဘွယ်ဘက်မှ မိတ္ထီလာမြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ပခုက္ကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဦးလှမျိုးထွန်း(၄၃)နှစ် မောင်းနှင်လာသည့် MDY-13/4Q-XXXX HIGER ခရီးသည်တင်မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်လှပုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဒေါ်လှပု အား ပျော်ဘွယ်မြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။