မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 01, 2026


    ၂၀၂၆ ခုနှစ်၊ မတ် ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တောင်ကြီးမြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် JINBEI အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာနေ မမြင့်မြင့်ထွေး (၂၆)နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်နေ ဒေါ်စုစုဝင်း(၄၅)နှစ်တို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁၇၅ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ဒသမ ၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၂၅ ဒသမ ၂ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် မမြင့်မြင့်ထွေးနှင့် ဒေါ်စုစုဝင်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။