မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များက ဒေသခံ ပြည်သူများထံသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များက ဒေသခံ ပြည်သူများထံသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 16, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၅ ရက်နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံသို့ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များက ဒေသခံ ပြည်သူများထံသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။