မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၌ သစ်ပင်လဲကျမှု ဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၌ သစ်ပင်လဲကျမှု ဖြစ်ပွားသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 17, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၌ လုံးပတ် ၃ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ လျှော်ပင်သည် ဆွေးမြေ့လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၂ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။