မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသဖြင့် တင်ကျန်ခဲ့သော နုန်းမြေများ၊ အမှိုက်များအား ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်မှု

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024

     မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကာ ရေပြန်လည်ကျဆင်းသွားသော ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာ၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သန့်ရှင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်၊၊