မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 18, 2025
image_latest


မန္တလေး အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်ပေးအပ်လှူဒါန်းသည်။

ယနေ့လှူဒါန်းမှုတွင် စေတနာရှင်၊ အလှူရှင်များဖြစ်သည့် ခိုလုံလီရှော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က လှူဒါန်းငွေကျပ် သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးသင့်နေရာများတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,