မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၁,၅၁၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၁,၅၁၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၅၅(A)လမ်း၊ ၁၂၇ x ၁၂၈ လမ်းကြားနေ မဝေဝေဖြိုး (၃၀)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၂၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁,၄၁၆ သိန်း)နှင့် ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၅၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၉၉ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် မဝေဝေဖြိုး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
