မာန်အောင်မြို့နယ် မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မာန်အောင်မြို့နယ် မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / September 20, 2023
image_latest


မာန်အောင် စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မေဃရေှ့ဆောင်ငွေစုငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိနှင့် တာဝန်ရှိသူများ၊ အသင်းအမှုဆောင်များနှင့် အသင်းသား ၆၆၇ ဦးတို့၏ ကိုယ်စားလှယ် ၄၇၀ ဦးတို့ တက်ရောက်ကြခဲ့သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးထွန်းစိုး နှင့် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်လွင်လွင်ရီတို့က အမှာစကားပြောကြားခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဒေါ်ဇင်မာဆန်းနှင့် ဌာနခွဲစာရေး ဒေါ်ဖြိုးဝေထွန်းတို့က ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အသင်းတွဲဖက်အတွင်းရေးမှူး ဦးထွန်းထက်စိုးက ဖတ်ကြားခြင်း၊ အသင်း စာရင်းစစ်အဖွဲ့အစီရင်ခံစာကို အသင်းအမှုဆောင် ဦးကိုလေးက ဖတ်ကြားခြင်းနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို အသင်းအမှုဆောင် ဦးဝင်းကိုကိုက ဖတ်ကြားခဲ့သည်။ ၎င်းအစီရင်ခံစာများနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသော အသင်းသားကိုယ်စားလှယ်များက သဘောတူအတည် ပြုကြောင်း ဆုံးဖြတ်ချက်ရယူခဲ့သည်။ ထို့နောက် အသင်းသားများအား စုဆောင်းငေွပေါ်အတိုးငွေ ကျပ်သန်း ၃၈.၃၆၁ ထုတ်ပေးခြင်း၊ အစုပေါ်အမြတ်ငွေကျပ်သန်း ၂.၉၂၆ ထုတ်ပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

HOT NEWS
January 4,