မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 01, 2020
image_latest


မြစ်ကြီးနား  သြဂုတ်  ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများစု ပေါင်း၍ ကချင်ပြည်နယ်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဓမ္မရက္ခိတဝန်းသိုကျောင်းဆရာတော် ဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်‌အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကာ နမောတဿ (၃)ကြိမ်ရွှတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထိုနောက် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းသွန်းချ အမျှပေးဝေကာ အခမ်းနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွှတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်ပြီး ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်

HOT NEWS
January 4,