မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2024
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်း၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI မှ ကိုယ်စားလှယ်နှင့် NSSA အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေး ရေးမှူးများနှင့် စစ်ဆေးအကဲဖြတ် သူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အထိ ၃၀၃၃၅ ဦး ဖြေဆိုခဲ့ပြီး သတ်မှတ်အရည်အချင်း ကိုက်ညီ သူ ၂၇၈၉၉ ဦးရှိ၍ လုပ်သား ၂၆၈၉၉ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ယနေ့ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရရှိသူ ၆၅၄ ဦးကို ထုတ်ပေးပြီးပါက ကျန်လုပ်သား ၃၄၆ ဦးအတွက် ဆက်လက်ထုတ်ပေးနိုင်ရေး စီမံ ထားပြီးဖြစ်ကြောင်း ပြောကြားကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Linda Fashion (Myanmar) Co.,Ltd ၊ Myanmar Postarion Co.,Ltd နှင့် Designtime Myanmar Co.,Ltd စက်ရုံများသို့ သွားရောက်ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,