မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး

မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ location / August 31, 2021


မြဝတီ - သြဂုတ် (၃၀)

            နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်လည်း သတ်မှတ် ထားသည့် ဦးစားပေးအုပ်စုများအား  ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က  စတင်ထိုးနှံပေးခဲ့ပြီး အဆိုပါ ထိုးနှံပေးခဲ့သည့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ စတင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

            အဆိုပါ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့်အဖွဲ့ဝင်များ က လိုက်လံ ကြည့်ရှုအားပေးကြသည်။

            မြဝတီမြို့နယ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ (၇)ရက်ကြာ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း ၁၂၉၉၄ ဦးရှိခဲ့ကြောင်း သိရသည်။

            ယခု ဒုတိယအကြိမ် ကာကွယ်ဆေးသည် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရက်ပေါင်း ၂၈ ရက်ပြည့် မြောက်ပြီးသူများသာ ထိုးနှံပေးရခြင်းဖြစ်ပြီး ၂၈ ရက်ထက်ကျော်သော်လည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက် ရှိပါက လာရောက် ထိုးနှံနိုင်ကြောင်းလည်း သိရသည်။

 

 

 

HOT NEWS
January 4,