မြေငလျင်သတင်း
မြေငလျင်သတင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / November 03, 2025
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၈း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၃)မိနစ်၊ (၀၅) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၃၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၆၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၄၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။
