မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဆီဈေးနှုန်းများ မြင့်တက်မှု မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးနှင့် ဆီသိုလှောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဆီဈေးနှုန်းများ မြင့်တက်မှု မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးနှင့် ဆီသိုလှောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2026

      ၂၀၂၆ ခုနှစ်၊ မတ် ၁၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဆီဈေးနှုန်းများ မြင့်တက်မှု မရှိစေရေး၊ ဆီပြတ်လပ်မှု မရှိစေရေးနှင့် ဆီသိုလှောင်ထားရှိမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။