မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၃ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၁၃ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်၊ သကြားစက်လမ်းဆုံ၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ အဆိုပါရပ်ကွက်နေ ဦးအောင်ဖြိုးခိုင်(၃၇)နှစ် မောင်းနှင်လာသော BGO-5/6J-XXXX MITSUBISHI CANTER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် ဒီဇယ်ပီပါ ၁၅ လုံး၊ ၇၅၀ ဂါလန်ခန့်အား တရားမဝင် သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ဖြိုးခိုင် အား ဘီးလင်းမြို့မရဲစခန်း (ပ)၇၉/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇/၃၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။