မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 04, 2026

     ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် စက်သုံးဆီများ ရောင်းချပေးခြင်း၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား (Wheel Tax) ပြသသည့်စနစ်ဖြင့် ဆီရောင်းချပေးခြင်း၊ စုံ/မ စနစ်ဖြင့် ဆီရောင်းချပေးခြင်းနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန်အတိုင်း ဆီရောင်းချပေးခြင်းရှိ/မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်၊ မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။