ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 31, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဒဂုံ-သီလဝါလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အရှေ့မှ အနောက်သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာနေ ဇင်မင်းထွေး(၂၆)နှစ် မောင်းနှင်လာသည့် YGN-8/2K-XXXX MITSUBISHI FUSO မော်တော်ယာဉ်သည် ဟွန်ဒိုင်းလမ်းဆုံအနီးအရောက်၌ လမ်းဖြတ်ကူးသူ ကျောက်တန်းမြို့နယ်၊ ရွှေပြည်သာယာ ရပ်ကွက်နေ မရဒီလွင်(၁၆)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် မရဒီလွင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဇင်မင်းထွေး အား သီလဝါနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
