ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ထိုင်နေ သူများအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ထိုင်နေ သူများအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ထိုင်နေသူများအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်၊ အံကြီးအနောက်ရပ်ကွက်၊ ကနောင်လမ်းနှင့် အနော်ရထာ(၄)လမ်းဆုံ၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်နေ ဇော်သန့်(၄၇)နှစ် မောင်းနှင်လာသည့် YGN-13/ AA-XXXX NISSAN AD VAN မော်တော်ယာဉ်သည် အဆိုပါလမ်းဆုံအရောက်၌ အနော်ရထာ(၄)လမ်း အတွင်းသို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ထိုင်နေသည့် အံကြီးအနောက်ရပ်ကွက်နေ ဦးညွန့်မောင်(၈၀)နှစ်ပါ အမျိုးသား လေးဦးတို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးညွန့်မောင်ပါ အမျိုးသား လေးဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇော်သန့် အား ဒလမြို့မ ရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
