ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ် မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ် မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 08, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်း၊ စိန်ပန်းလမ်းရှိ တော်ဝင်ထွန်းပဒေသာကုန်စည် ပို့ဆောင်ရေးကားဂိတ်ရှေ့တွင် ယာဉ်မောင်း ဦးမျိုးနိုင်ဌေးမှ ယာဉ်အမှတ် AYY-7/3L-XXXX ISUZUE အဖြူရောင် ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်ပေါ်တွင် ကားသော့ဖွင့်၍ ဖုန်းအားသွင်းထားစဉ် ပလတ်ခုံ အပူလွန်ကဲပြီး ဝိုင်ယာကြိုးများ အရည်ပျော်ကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကြာဇံ ၁၀ ပိဿာထုပ် ၅ ထုပ်၊ My Crush မုန့် အထုပ် ၂၀ ပါ ၁၄ ထုပ်၊ စက္ကူဖာ ၁၀ ဖာနှင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ဘေးတံခါးမှန် နှစ်ချပ်နှင့် ထိုင်ခုံ နှစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးမျိုးနိုင်ဌေး(၃၆)နှစ်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
