ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မြို့မဈေးနှင့် ဥက္ကံမြို့စည်ပင်သာယာဈေးတို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မြို့မဈေးနှင့် ဥက္ကံမြို့စည်ပင်သာယာဈေးတို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 19, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မြို့မဈေးနှင့် ဥက္ကံမြို့စည်ပင်သာယာဈေးတို့၌ မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှု ရှိ/မရှိ၊ ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီး တပ်ဆင်ထားရှိမှု ရှိ/မရှိ၊ ဈေးရှိ မီးသတ်ရေကန်များ ရေဖြည့်ထားမှု ရှိ/မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။