ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၆ ရက် ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၈)ရပ်ကွက်၊ ကွမ်အပ်သားမင်းသားလမ်းနှင့် ရတနာလမ်းမကြီးလမ်းဆုံ၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၂၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကွမ်အပ်သားမင်းသားလမ်းအတိုင်း အနောက်မှအရှေ့သို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လမ်းမတန်းရပ်ကွက်နေ ဦးကျော်ဇေယျာမင်းမင်းသူ(၃၈)နှစ် မောင်းနှင်လာသော BGO-18/1Q-XXXX NISSAN CLIPPER မော်တော်ယာဉ်သည် ရတနာလမ်းမကြီးလမ်းဆုံအရောက်၌ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်နေ ဦးအောင်အောင်(၃၆)နှစ် မောင်းနှင်သော BGO-27/5S-XXXX JAC မော်တော်ယာဉ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကျော်ဇေယျာမင်းမင်းသူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကျော်ဇေယျာမင်းမင်းသူ အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း ယာဉ် (ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
