ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ် တစ်စီး မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ် တစ်စီး မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၅၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်မောင်း ဒေါ်နန္ဒ မောင်းနှင်လာသော ယာဉ်အမှတ် YGN-10 4H/xxxx TOYOTA PASSO အမျိုးအစား (ခဲရောင်) ယာဉ်သည် Carburetor ဆီယိုစိမ့်ရာမှ အနီးရှိအိတ်ဇောပေါ်သို့ ဆီကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါ မီးလောင်မှုကြောင့် ရှေ့တာယာ နှစ်လုံး၊ ရှေ့လေကာမှန် တစ်ချပ်၊ နောက်လေကာမှန် တစ်ချပ်နှင့် ကားအတွင်းခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်မောင်း ဒေါ်နန္ဒအား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,