ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ လမ်းသစ်(၁)လမ်းရှိ နေအိမ်မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ လမ်းသစ်(၁)လမ်းရှိ နေအိမ်မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2025
၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက် မွန်းလွဲ ၄ နာရီ ၄၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ လမ်းသစ်(၁)လမ်းရှိ ပိုင်ရှင် ဦးအေးကို၏ ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်တွင် အိပ်ခန်းအတွင်းရှိ မွေ့ယာအနီး အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိမွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအေးကိုအား သာကေတမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။