ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ သီရီမင်္ဂလာလမ်းရှိ နေအိမ်မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ သီရီမင်္ဂလာလမ်းရှိ နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2025


     ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက် နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ သီရီမင်္ဂလာလမ်းရှိ ပိုင်ရှင် ဒေါ်ကြာမာန်း၏ ၃၀x၃၀ ပေ၊ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း တစ်ထပ် နေအိမ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲပြီး အောက်ရှိ စာအုပ်များပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါ မီးလောင်မှုကြောင့် ၃၀x၃၀ ပေ၊ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်၏ မောင်ဖြစ်သူ ဦးလာစေးအား မှော်ဘီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,